Brand Positioning ဆိုတာ ဘာလဲ

Brand Positioning ဆိုတာ ဘာလဲ ‼

🔰 Branding လုပ်တော့မယ် ၊ ကိုယ့် Business ကို Brand ဆန်ဆန် ထိုးဖောက်တော့မယ်ဆိုရင် အရေးကြီးဆုံးက Brand Positioning လို့ခေါ်တဲ့ အထားအသိုပါပဲ။

ကိုယ့်ထုတ်ကုန်အပေါ် Audience တွေဘက်က မြင်မယ့်အမြင်ကို တည်ဆောက်ခြင်းက Brand Positioning ပေါ့

ဆိုကြပါစို့….

Coca Cola လို့ပြောရင် နွေးထွေးမှု လန်းဆန်းမှု ပျော်ရွှင်မှု ဆိုတာတွေကို ပြေးမြင်တယ်၊ လူကြီးလူငယ်တွေနဲ့ Relevancy ရှိတယ်၊ Coca Cola က အားလုံးနဲ့ ကိုက်ညီမှုရှိပြီး Fresh Vibe ကို ဖြစ်စေတယ် ဆိုတဲ့ Positioning မျိုးကို ယူထားပါတယ်😌

ကျွန်တော်ပြောခဲ့သလိုမျိုး

Audience အနေနဲ့ ” ဒီ Brand က ဘယ်လိုပါလား ” ဆိုပြီး ခံစားမိစေဖို့ ၊ သူတို့အတွက် ထုတ်ထားပါလားဆိုတဲ့ အတွေးမျိုးဖြစ်စေဖို့ Brand Owner တွေဘက်က ကိုယ့် Brand ကို နေရာချတတ်ဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် Brand Positioning ယူတော့မယ်ဆိုရင်

🍀 Service / Product

🍀 Audience တို့နဲ့ ဆက်စပ်ပြီး သေသေချာချာ ပုံဖော်နိုင်ဖို့ လိုအပ်တယ်။

Brand Positioning မှာ ဘာတွေထည့်တွေးရလဲ ‼

✅ Tone Of Voice

✅ Personality

✅ Vibe တို့ကို စဥ်းစားပြီးပြီဆိုရင် အပေါ်ကနှစ်ချက်နဲ့ ပြန်ချိတ်ဆက် တည်ဆောက်ရပါတယ်။

ဒါမှသာလျှင် ကိုယ့် Brand, ကိုယ့် Product ကို မြင်လိုက်တဲ့ Target Audience တိုင်းက ” ဒါဟာ ငါတို့အတွက် ထုတ်ထားတာ ” ဆိုတဲ့ Feeling မျိုးကို ခံစားမိပြီး Consistent ရှိနေမှာဖြစ်ပါတယ်ဗျာ

#brandpositioning

#KnowledgeSharing

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top